နည်းပညာစာအုပ်များ
software 57
http://kpgaungaung.blogspot.com/2012/08/blog-post.html
desktop
သီချင်းနားဆင်ရန်
http://www.nyinaymin.org/2012/09/android-phone-zawgyi-keyboard-and-font.html
ကဗျာရယ်......
လိုရာမရေးနိုင်ခဲ့တဲ့သ၀ဏ်လွှာတွေအတွက်.
တစ်ထစ်ချန်မာန်ပြန်တင်းစရာ
ခဲဖျက်ကလေးသာရှိခဲ့မယ်ဆိုရင်
ငါတို့မဝေးခဲ့ဘူး....
ကဗျာရယ်.....
မငဲ့ကွက်ခဲ့တဲ့လွမ်းခွဲမှု့တွေအတွက်လိုရာမရေးနိုင်ခဲ့တဲ့သ၀ဏ်လွှာတွေအတွက်.
တစ်ထစ်ချန်မာန်ပြန်တင်းစရာ
ခဲဖျက်ကလေးသာရှိခဲ့မယ်ဆိုရင်
ငါတို့မဝေးခဲ့ဘူး....
ကဗျာရယ်.....
ကံတရားရဲ့ဝင်္ကပါ ကိုမြင်နိုင်ဖိ
ဖယောင်းတိုင်လေးသာရှိခဲ့မယ်ဆိုရင်
ငါတို့မဝေးခဲ့ပါဘူး..
ကဗျာရယ်.....
အမှန်ကိုမမြင်နိုင်တဲ့အသိတွေအတွက်
ငါတို့ခန္တာကို အမှုးပြေစဉ်ဟာ
နေ၀င်ချိန်ဖြစ်ခဲ့လို့လား
ကဗျာရယ်...
ဘ၀ဆိုတာနှစ်နာရီထဲမှမဟုတ်တာ
ရုပ်ရှင်ထဲက မင်းသားလောက်တော့
နင့်အပေါ် ဘယ်ကောင်းနိုင်မှာလဲဟာ
ခုချိန်မှတော့....
ဘယ်ဟာကို အမှန်တရားလို့ မြင်နေရမှာလဲ
အိမ်မက်ဟောင်းတွေသာ ထပ်ခါပြန်မက်နေမိပီ..
ကဗျာရယ်.....
ကဗျာသီဆိုခဲ့တဲ့ ကဗျာတု ကဗျာတွေကို
ကဗျာဆရာတစ်ယောက်ရဲ့ရင်မှာ
အရိုးစွဲအောင်မှတ်လိုက်ပါပီ....
ကဗျာရယ်...
အမှန်မမြင်ခဲ့တဲ့ ညံဖျင်းမှု့တွေအတွက်
နေ၀င်ချိန်ဟာအပြစ်မဟုတ်ဘူးဆိုရင်
အဲ့ဒီညရဲ့တရားခံဟာ
အထွက်နောက်ကြတဲ့လမင်းလား..
ကြွေကြသွားတဲ့ကြယ်ကလေးလား..
ငါထုတ်ပြခဲ့တဲ့ဝှက်ဖဲတစ်ချပ်လား..
မသေချာခဲ့ပါဘူး....
ကဗျာရယ်..
ကမောက်ကမ နဲ့ စခဲ့တဲ့ လမ်းခွဲမှု့ဟာ.
သပ်သပ်ရပ်ရပ်နဲ့ကို ပြီးဆုံးသွားခဲ့တယ်..
နင်ပဲရက်စက်ခဲ့တာလား.....
ငါပဲ..မငဲ့ကွက်ခဲ့တာလား.....
ခြေလှမ်းတွေနောက်ဆုတ်ကြည့်မယ်ဆိုရင်
အတ္တရောင်တွေနဲ့ ငါတို့လျှောက်ခဲ့ကြတဲ့လမ်းမမှာ
မဖက်တွယ်ခဲ့တဲ့ မေတ္တာရယ်....
မရစ်ပတ်ခဲ့တဲ့ကြိုးတစ်ချောင်းရယ်
မမြဲခဲ့တဲ့လက်တစ်စုံကတော့
ငါတို့ကို ကျိန်ဆဲနေကြပြီ....
ထပ်ပြောရရင်တော့...
ကမောက်ကမ နဲ့ စခဲ့တဲ့ လမ်းခွဲမှု့ဟာ.
သပ်သပ်ရပ်ရပ်နဲ့ကို ပြီးဆုံးသွားခဲ့ပါတယ်....
ဒိုင်ယာရီတစ်ပုဒ်...
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက်ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်...။
အော် ငှက်ငယ်...နင်ဟာ
ခဏခဏမာန်ဖီပြနေတဲ့ပင်လယ်ထဲက
အငွေ့ပျံလွယ်ကြောင်းတစ်ချို့ကို
နားမလည်နိုင်သေးပါလားကွယ်...။
နင်တောင်ပံခတတိုင်းခတ်တိုင်း
လွင့်စင်ခဲ့တဲ့စူးတစ်ချို့
ဒီနှလုံးသား ဒီမျော်လင့်ချက်
နိဂုံးချုပ်ငြိမ်းစေခဲ့ပါပီ...။
ငှက်ငယ်ရယ်...။
အရာရာမှာ နင့်အတွက်နင့်ဘက်ဆိုပီး
မြှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့ရတယ်.။
ငှက်ငယ်ရယ်...
ဒီနွေဟာ အရောက်နောက်ကျသလောက်
လောင်မြိုက်လွယ်လွန်းခဲ့တယ်..။
နင်ပြောဘူးတဲ့ အိပ်ရာဝင်ပုံပြင်တွေကို မကြာမကြာသတိရဘူးပါရဲ့
နင်ဆိုဘူးတဲ့နားဝင်ချိုတေးတွေလဲ သတိရခဲ့ဘူးပါရဲ့
ဒါပေမယ့်လည်း...
ဘ၀မှာ မတည်တကျမရှိခဲ့တဲ့ လေဆန်နဲ့တောင်ပံ
အစီစဉ်တကျဖြစ်တည်ခဲ့တဲ့ ကန့်လန့်ဖြတ်ဆုံမှတ်ပေါ်
နေသားမကျခဲ့တဲ မျော်လင့်ချက်တစ်ချို့ကတော့
အသက်ဝင်စွာသေဆုံးသွားခဲ့ပါပီ...။
ငှက်ငယ်ရယ်..။
ထင်သေလောက်မပေါက်ခဲ့တဲ့ မျော်လင့်ချက်ခရီးအောက်
တန်ကြေားမဲ့တန်ဖိုးဖြတ်မှု့တွေအောက်
ချော်လဲရင်းပြန်ထ ပြန်ထရင်း ချော်လဲ
မညီမျှခြင်းတစ်ချို့တွေထဲက ညီမျှခြင်းဆိုတာ ကို
အဓိပ္ပယ်ရှာနေခဲ့ရတယ် ...။
အတိတ်ကိုပြန်ငဲ့ကြည့်တော့လည်း
ခြောက်သွေ့ခဲ့တဲ့နွေရာသီတွေနဲ့ 
အိမ်မက်ဟောင်းတွေထဲမှာ
ချိုမိန်ခြင်းဆိုတာကို ဘယ်မှာ ရှိခဲ့လဲကွယ်..။
ငှက်ငယ်ရယ်...။
တစ်နေ့တစ်လန် ပုဂံဘယ်ပြေးမလဲဆိုပီး
မျိုမျိုချခဲ့ရတဲ့ တံတွေးတွေ
မျက်ရည် အဖြစ်သံ သရာ လည်ခဲ့ရတယ်.။
အလိုရမ္မက်အတွက်နဲ့ 
ဘ၀ကို တစ်လက်လက်စိုတဲ့ ချွေးတွေဟာ
နင့်ကို ချော့သိပ်ဖို့ ကြ မစွမ်းနိုင်ခဲ့ဘူး
သမင်မွေးရင်း ကျားစားရင်းမို့ 
မျိုသိပ်ခြင်းတစ်ချို့ က မခို့တရို့ရီတယ်
ဘာဖြစ်လဲငှက်ငယ်...
နင့်ရှေ့မှာ မငိုပြဖို့  ဆိုတာ
နင့်  အပြုံးတွေ ချို မိန်နေခဲ့တာပဲ...ကွယ်။
ငှက်ငယ်ရယ် ...
ပျော်စရာဆို နှစ်ယောက်လက်တွဲ
နာ စရာတော့ ကိုယ့်တစ်ယောက်တည်းရှိစေတော့ဆိုပီး
ထက်ရှမှု့  ကို တ သသ သွေး
အမေ့ခံဘ၀နဲ့ ရင်ဘတ်ဟာ
လားရာမရှိ ဗလာနထ္ထိနဲ့ 
သစ္စာမရှိခဲ့သူပေါ့..။
အင်းပေါ့ ငှက်ငယ်...
လေဆန်ကိုသန်နိုင်တုန်းတော့ ..
နင့်အတွက် ငါဆိုတာ အဓိပ္ပယ် ဖွင့်လို့  မရသေးပါဘူး.။
မှတ်မှတ်ရရပါပဲ...။
အသွေးသားထဲကို စိမ့်ဝင်ခံလိုက်ရတဲ့
ခါးသည်းမှု့တစ်ချို့ကတော့
မာန ရောင်ခပ်ပါးပါးနဲ့ပဲ
ကန့်  လန့်  ကာ ချခိုင်းထားရတယ်.။
ဘ၀ဆိုတာ ပြပြလေးတောင် မမြင်သေးတဲ့ နင့်အတွက်
လေဆန်ကို သန်နိုင်သေးတဲ့ နင့်အတွက်
ငါပြတဲ့လမ်းဟာ ..
အကွေ့  အကောက်များ တယ်...။
ငါပြောတဲ့ စကားဟာ..
ပုံကြီးချဲ့ရာ ရောက်တယ်...။
ငါရေးတဲ့ကဗျာ ..
ဖတ်ရတာ တစ်ခါတစ်ခါ ထောက် တယ်...။
ငှက်ငယ်ရယ်...နောက်ဆုံးတော့
သုည ဆိုတာ ကို ဂုဏ်တင်ဖို့အတွက်နဲ့ 
အိမ်မက်တွေကို ညတာမရှည်စေချင်တော့ဘူး
အတိတ်တွေကို သပိတ်မှောက်ဖို့ 
အနာဂတ်တို့ရဲ့ ပစ္စပ္ပုန်နေ့ရက်တွေမှာ
အာရုဏ်မတက်ခင်နိုးထရဦးမယ်...။
အဖြစ်ဟောင်းရဲ့ ဘယ်နေရာ သွားသွား
ပြုံးပန်းမရခဲ့တဲ့ နှလုံးသား သနားမိပေမယ့်
စွယ်တော် ပင် စွယ်တော်ရွက်ဆိုတာကို
ခေတ္တခဏ မေ့ထားရင်းနဲ့ ပဲ
ငါ့ မာန တို့ ပျက်သုဉ်းချိန် အကြောင်းဟာ
ပုံပြင်တစ်ပုဒ် မဟုတ်ဘူးဆိုတာကို
နားရင်းပျံရင်း ပျံရင်းနားရင်း
နင်သိပါစေတော့...ကွယ်...။
ထပ်ပြောရရင်တော့
ဒိုင်ယာရီတစ်ပုဒ်
ဒါဟာ... တစ်ဆစ်ဆစ်နာကျင် တစ်စက်စက် ကျခဲ့ရတဲ့
ဒိုင်ယာရီတစ်ပုဒ်ပေါ့ကွယ်.။
သွားလေတော့ဆိုပီး အားလုံးကိုအထုပ်နဲ့ ထုပ်ပီး
မမြင်နိုင်မတွေနိုင်တဲ့နေယာကို လွှင့်ပစ်လို့ ရတာ
အမှိုက်အိတ်ပဲ ဖြစ်မှာပါ။
ဘယ်လိုပဲကျော်လွန်ခဲ့ပါစေ
တိုက်ဆိုင်ကြုံကြိုက်မှု မရှိပေမဲ့ 
မကြိုဆို မဖိတ်ခေါ်ပဲ ၀င်လာတတ်တဲ့
စည်းကမ်းမဲ့ အိပ်မက်တွေကြောင့်
အရာတိုင်းဟာ ရွက်နုတွေလို ဖြစ်ရပြန်တယ်၊။
ကံတရားကသူ့ အလုပ်ကိုလုပ်ခဲသလို
ငါကလည်ငါ့အလုပ်ခဲ့တာပါပဲ ဘယ်လိုအရာ
ဘယ်သူ့ တွေမှာမှ အပြစ်မရှိခဲ့ပါ။
မမြင်နိုင်မတွေနိုင်တဲ့နေယာကို လွှင့်ပစ်လို့ ရတာ
အမှိုက်အိတ်ပဲ ဖြစ်မှာပါ။
ဘယ်လိုပဲကျော်လွန်ခဲ့ပါစေ
တိုက်ဆိုင်ကြုံကြိုက်မှု မရှိပေမဲ့ 
မကြိုဆို မဖိတ်ခေါ်ပဲ ၀င်လာတတ်တဲ့
စည်းကမ်းမဲ့ အိပ်မက်တွေကြောင့်
အရာတိုင်းဟာ ရွက်နုတွေလို ဖြစ်ရပြန်တယ်၊။
ကံတရားကသူ့ အလုပ်ကိုလုပ်ခဲသလို
ငါကလည်ငါ့အလုပ်ခဲ့တာပါပဲ ဘယ်လိုအရာ
ဘယ်သူ့ တွေမှာမှ အပြစ်မရှိခဲ့ပါ။
တို့ နှစ်ယောက်မှာသာ အပြစ်တွေကိုယ်စီနဲ့ ပါ။
နေရဲ့အလင်းလို မဟုတ်ပေမဲ့  ကြယ်ပွင့်လေးမျှ
အလင်းပြခွင့်ရရင်ပေါ့။
တို့ တွေ ချစ်ခဲ့ကြတယ်.....
အလင်းပြခွင့်ရရင်ပေါ့။
တို့ တွေ ချစ်ခဲ့ကြတယ်.....
စည်းတွေဘောင်တွေခြားခဲ့ကြတယ်...
အမှတ်တမဲ့ အောင့်မေ့မိကြမယ်........
ဘယ်ချိန်ထိဒီ အတွေးတွေ ရှိနေမှာလဲ.....
လမင်းလေးရေ..... ကောင်သောညချမ်းမှာ
သူ့ ကိုငါ့လို အိပ်မက်မျိုးနဲ့ လှန့် မနိုးအောင်
သာယာမှု့ တွေနဲ့  သူအိပ်ပါစေနော်
ချော့သိပ်ပေးလိုက်ပါ တေးသွားလေးနဲ့ ပေါ့...........
သာယာပါစေ................
သူ့ ကိုငါ့လို အိပ်မက်မျိုးနဲ့ လှန့် မနိုးအောင်
သာယာမှု့ တွေနဲ့  သူအိပ်ပါစေနော်
ချော့သိပ်ပေးလိုက်ပါ တေးသွားလေးနဲ့ ပေါ့...........
သာယာပါစေ................
ပြီးဆုံးသွားတာလား
ဘ၀ရဲ့ခဏတာမှာ
ငါကိုလေပြေလေးတွေထိတွေ့ခဲသေးတယ်
သေချာခဲ့ပီလား
ဘ၀တစ်ခုရဲ့မာတိကာမှာ
ငါကိုလေပြေလေးတွေထိတွေ့ခဲသေးတယ်
သေချာခဲ့ပီလား
ဘ၀တစ်ခုရဲ့မာတိကာမှာ
အနိုင်ယူလိုမှုတွေလဲ ငါ့ကိုရိုက်ခတ်ကြတယ်..
လေပြေတွေတိုက်ခတ်တဲ့ တခဏအချိန်
ငါအရမ်းလွမ်းဆွတ်တယ်....
အဲ့ဒီအချိန်တုန်းကတော့ငါ့ရင်မှာ
စိုစွတ်နေလေရဲ့.....။
သူတို့တွေအိမ်ပြန်ကြတယ်....
အိမ်မပြန်ခင် မုန်တိုင်းထန်ခဲ့သေးတယ်..
လေပြေတွေတိုက်ခတ်တဲ့ တခဏအချိန်
ငါအရမ်းလွမ်းဆွတ်တယ်....
အဲ့ဒီအချိန်တုန်းကတော့ငါ့ရင်မှာ
စိုစွတ်နေလေရဲ့.....။
သူတို့တွေအိမ်ပြန်ကြတယ်....
အိမ်မပြန်ခင် မုန်တိုင်းထန်ခဲ့သေးတယ်..
မာရ်နတ်လား နတ်သမီးလားငါမသိခဲ့ဘူး
နှုတ်ဆက်ချိန်မှာ လူမြင်မခံတဲ့ မျက်ရည်တွေ
နှုတ်ဆက်ချိန်မှာ လူမြင်မခံတဲ့ မျက်ရည်တွေ
တိတ်တစ်ခိုးကျလို့  ရင်နာတာကိုတောင်
မနာသလို ငါနေပြခဲ့ပေမယ့်
ဘာမှမတတ်နိုင်ခဲ့ဘူး.......နောက်ဆုံး
ခင်မင်ခဲ့တဲ့ကြိုးနှစ်ချောင်းတော့
မုန်တိုင်းထန်ခဲ့တဲ့ ငါ့ပင်လယ်မှာ
စုန်းစုန်းမြှုပ်ခဲ့ပီ...
သေချာပြန်စဉ်းစားရင်
ကလေးဆန်မှု့တစ်ချို့ ရှိခဲ့တယ်
ဒီဇတ်လမ်းမှာ ရင့်ကျက်မှု့တစ်ချို့လိုအပ်ခဲ့တယ်
ထားလိုက်ပါတော့
သူတို့က အပေါင်းအဖော်တွေနဲ့
ဇတ်လမ်းဘယ်လိုသိမ်းသိမ်း
ငါက တစ်ကောင်တည်းပါ
ကြေကွဲရင် လဲ တစ်ကောင်တည်းပဲ....။
မနာသလို ငါနေပြခဲ့ပေမယ့်
ဘာမှမတတ်နိုင်ခဲ့ဘူး.......နောက်ဆုံး
ခင်မင်ခဲ့တဲ့ကြိုးနှစ်ချောင်းတော့
မုန်တိုင်းထန်ခဲ့တဲ့ ငါ့ပင်လယ်မှာ
စုန်းစုန်းမြှုပ်ခဲ့ပီ...
သေချာပြန်စဉ်းစားရင်
ကလေးဆန်မှု့တစ်ချို့ ရှိခဲ့တယ်
ဒီဇတ်လမ်းမှာ ရင့်ကျက်မှု့တစ်ချို့လိုအပ်ခဲ့တယ်
ထားလိုက်ပါတော့
သူတို့က အပေါင်းအဖော်တွေနဲ့
ဇတ်လမ်းဘယ်လိုသိမ်းသိမ်း
ငါက တစ်ကောင်တည်းပါ
ကြေကွဲရင် လဲ တစ်ကောင်တည်းပဲ....။
အဝေးကချစ်သူ
တဟ်ညကုန်တစ်နေ့မိုးသောက်ခဲ့ပေမယ့်
၇င်ဖြစ်ပန်းကိုမျော်မိတုန်းပါပဲ
လေ၇ာင်နမ်းတဲ့သဲသောင်ပြင်မှာ
အဖော်မဲ့စွာနဲ့ပါပဲ
တက်ကျိုးလို့လက်ထိုးလှော်နေ၇တဲ့ငါ
၇င်ဘတ်၇ဲ့အမှောင်ဘက်တစ်ခြမ်း
ကြယ်စင်တစ်ခုလင်းလက်ခဲ့ပြန်ပြီလား
ဒါပေမယ့် အခုတော့လည်း
အဖော်မဲ့စွာနဲ့ပါပဲ
လက်ညောင်းလို့လက်ပြောင်းတီးဖို့
ဂစ်တာတစ်လက်၇ဲ့ရာဇ၀င်
သီချင်းသစ်မရှာချင်တော့ဘူး
ခံစားချက်ကိုကဗျာနဲ့စီးမျော၇င်း
ချစ်ခြင်းရဲ့နောက်ဆုံးစာမျက်နှာကို
ငါ၇ယ် ကဇျာ၇ယ် မျကိ၇ည်အချို့၇ယ်နဲ့
အဆုံးသတ်၇မှာလား
ဆုံးဖြတ်၇မဲ့အဖြေတစ်ခုကို
အဖော်မဲ့စွာနဲ့ငါမျော်နေမိတယ်
ဒီလိုအချိန်တွေမှာ
ခံနိုင်၇ည်မ၇ှိတဲ့နှလုံးသားရဲ့
ပြောင်းလဲဖို့ခက်တဲ့အချစ်ကို
တမ်းတနေတဲ့ငါ့၇င်ထဲ
ဆုတောင်းကောင်းခဲ့မှာလား
အများကြိးမျော်လင့်ခဲ့တာပါ
အဖော်မဲ့စွာနဲ့ပါပဲ
အခုတော့သိလိုက်၇ပြီ
လမ်းကြောင်းပျောကိနှလုံးသားမိုး၇ည်စက်တွေနဲ့
တစ်နေ့ဒီထက်............................
တစ်နေ့ဒီထက်............................။
မင်းနဲ့ ငါသိပ်ချစ်ခဲ့ကြတယ်
တစ်ချိန်က
မင်းနဲ့ငါပျော်မြူးခဲ့ဖူးတယ်
အချစ်စစ်၇ဲ့ကံကြမ္မာသာယာချိန်
ခြေလှမ်းတိုင်းပန်းတွေပွင့်လို့
အပြုံးတိုင်းပျား၇ည်လိုချိုခဲ့ကြတယ်
တစ်ချိန်မှာ
မင်းနဲ့ငါဝေးခဲ့ကြတယ်
တစ်ချိန်မှာ
မင်းနဲ့ ငါလွမ်းခဲ့ကြတယ်
အချစ်စစ်၇ဲ့ကံကြမ္မာကျီစယ်ချိန်
အလွမ်းတိုင်းမှတ်တိုင်ထူခဲ့လို့ 
အ၇ာ၇ာနေသားတကျမ၇ှိခဲ့ဘူး
အခုတော့
မင်းငါ့ကိုခွဲခဲ့ပြီ
အခုတော့
မင်းငါ့ကိုမုန်းခဲ့ပြီ
အချစ်စစ်၇ဲ့ကံကြမ္မာလေထန်ချိန်ကို
အံမတုနိုင်တဲ့မင်းအတွက်
ငါလွမ်းမနေတော့ဘူး...
သတိ၇ခြင်းတစ်ဖက်မှာ
တမ်းတခြင်း၇ှိသေးတယ်
သံသ၇ာတစ်ကြော့ပြန်လည်ချိန်
ငါ့အချစ်ကောင်းကင်ပြင်မှာ
လမင်းလေးသာနိုင်ဖို့
No comments:
Post a Comment